ကျောက်ကပ်လဲပြီးနောက် ဘာတွေ ဂရုစိုက်ရမလဲ
ကျောက်ကပ် ကျန်းမာရေး ထိခိုက်လာချိန်မှာ အကောင်းဆုံးသော ဖြေရှင်းနည်းက ကျောက်ကပ်အစားထိုး ကုသတာပါ။ နားလည်လွယ်အောင် ပြောရရင်တော့ ကျောက်ကပ်လဲတာပေါ့။ ကျောက်ကပ် လဲပြီးချိန်မှာ ကျန်းမာနေစေဖို့ဆိုရင် သေသေချာချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ဒါကြောင့် ကျောက်ကပ်လဲပြီးသူတွေအတွက် ကျန်းမာနေစေဖို့ ကျောက်ကပ်လဲပြီးချိန်မှာ ဂရုစိုက်ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကျောက်ကပ်လဲပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။
- ဆေးမှန်မှန် သောက်ပါ
ကျောက်ကပ်လဲပြီးချိန်မှာ ကျန်းမာစေဖို့ဆိုရင် မဖြစ်မနေ လိုက်နာရမယ့် အချက်က အစားထိုးထားတဲ့ ကျောက်ကပ်ကို ခန္ဓာကိုယ်က လက်သင့်ခံရင်း ကျန်းမာလာစေဖို့ဆိုရင်တော့ ကျောက်ကပ်လဲပြီးချိန်မှာ ကိုယ်ခံအားကို ချထားတဲ့ဆေးတွေလိုမျိုး ကျောက်ကပ် အစားထိုးပြီးချိန်မှာ သောက်ရတဲ့ ဆေးတွေကို အချိန်မှန်မှန် သောက်ပေးပါ။
- စစ်ဆေးမှုတွေကို မပျက်မကွက် လုပ်ပေးပါ
ကျောက်ကပ်လဲပြီးချိန်မှာ လိုက်နာရမယ့် နောက်ထပ် အချက်တစ်ခုက ကျောက်ကပ်လဲပြီးချိန်မှာ အစားထိုးလိုက်တဲ့ ကျောက်ကပ်က အလုပ်ကောင်းကောင်းလုပ်ရဲ့လားဆိုတာကို သိရှိနိုင်ဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ မပျက်ကွက်ပါနဲ့။ ဒီလိုမျိုး သေချာလေး စစ်ဆေး ဂရုစိုက်မှ ကျောက်ကပ်ကို ခန္ဓာကိုယ်က လက်မခံတာမျိုး မဖြစ်မှာပါ။
- ဆေးခန်း ရက်ချိန်းမှန်မှန်ပြပါ
ဆေးခန်းကို ရက်ချိန်း မှန်မှန်ပြပေးတာက ကျောက်ကပ်အစားထိုးပြီးချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ဆေးခန်းရက်ချိန်း မှန်မှန် ပြဖို့ လိုမှာပါ။ ဆေးခန်းပြတဲ့အခါမှာလည်း လက်ရှိခံစားနေရတဲ့ အခြေအနေတွေကို သေချာလေး ပြောပြပေးတာ နောက်ဆုံးလုပ်ထားတဲ့ ဆေးစစ်ရလဒ်တွေကို ယူသွားဖို့ မမေ့ပါနဲ့။
- သန့်ရှင်းရေး ဂရုစိုက်ပါ
ပြင်ပက အစိတ်အပိုင်းကို လက်ခံထားတဲ့ ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတာကြောင့် နေထိုင်မကောင်းတာကြောင့် မလိုအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလေးကို သေချာလေး ဂရုစိုက်ပေးပါ။
တကယ်လို့ အအေးမိတာ၊ တုပ်ကွေးလက္ခဏာတွေ၊ ဆီးအရောင်ပြောင်းတာ အနံ့ပြင်းတာမျိုး ဖြစ်မယ်။ ချုပ်ရိုး မကျက်တာ၊ ပါးစပ်ထဲမှာ အနာဖြူလေးတွေ ဖြစ်မယ်ဆိုရင် ဆရာဝန်ကို ချက်ချင်း အသိပေးပါ။ ရောဂါတွေကို ကာကွယ်ဖို့အတွက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ပေးပါ။
- ရေသောက်ပါ
ကျောက်ကပ် အစားထိုးပြီးချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့က အတော်လေး အရေးကြီးပါတယ်။ ကျောက်ကပ်လဲပြီးသူတွေအနေနဲ့ တစ်နေ့ကို သောက်ရေ နဲ့ အခြားအရည်တွေ ၂ လီတာ ပြည့်အောင် သောက်ဖို့ လိုပါမယ်။ ကဖင်းပါတဲ့ သောက်စရာတွေကိုတော့ ရှောင်ပေးပါ။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
ကျောက်ကပ်အစားထိုးပြီးချိန်မှာ အစားအသောက်ကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဆိုဒီယမ် နဲ့ အဆီနည်းတဲ့ အစားအစာတွေကို စားပေးပါ။ တိတိကျကျကိုတော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး စားသောက်မှုကို ဂရုစိုက်ပါ။
- သွေးတွင်းသကြားဓာတ်ကို ထိန်းပါ
ကျောက်ကပ်လဲပြီးချိန်မှာ သောက်ရတဲ့ ဆေးတွေမှာ စတီးရွိုက်တွေ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပြီး သေချာလေး ထိန်းညှိဖို့ လိုပါမယ်။
မွန်မွန်